၂၀၂၅ အောက်တိုဘာ ၁၆ တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်ကုန်စည်ဒိုင်၏ ရေထွက်ကုန်နှင့် ရေချိုပုဇွန်ထုပ် တစ်ပိဿာပေါက်ဈေးနှုန်းမှာ ငါးဒန် ကျပ် ၈၂၀၀၊ ငါးခုံးမ ကျပ် ၆၈၀၀၊ ငါးကြင်း ကျပ် ၁၀၀၀၀၊ ငါးကြင်းဖြူ(ဗိုက်ခွဲ)ကျပ်၂၀၃၀၀၊ တီလားဗီးယား ကျပ် ၁၂၅၀၀၊ ပလာတူး ကျပ် ၈၅၀၀၊ ပလာလန်း ကျပ် ၁၄၀၀၀၊ ရွှေငါး ကျပ် ၉၀၀၀၊ ငါးနှပ် ကျပ် ၅၀၀၀ ၊ ငါးကွန်းရှပ် ကျပ် ၁၄၈၀၀၊ ငါးရွေးကြီး ကျပ် ၁၅၀၀၀၊ ငါးပျက် ကျပ် ၁၁၀၀၀၊ ရေချို ပုဇွန်ထုပ်(စိမ်း)အကြီး ကျပ် ၉၃၀၀၀၊ အလတ် ကျပ် ၈၅၀၀၀၊ အငယ် ၆၂၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။
ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ရေထွက်ကုန် တစ်ပိဿာလျှင် ငါးဒန် ကျပ် ၃၀၀၊ ငါးခုံးမ ကျပ် ၂၀၀၊ ငါးကြင်း ကျပ် ၂၀၀၊ တီလားဗီးယား ကျပ် ၂၅၀၀၊ ပလာတူး ကျပ် ၅၀၀၊ ပလာလန်း ကျပ် ၅၀၀ ဈေးနှုန်းကျဆင်းလာပြီး ရွှေငါး၊ ငါးနှပ်၊ ငါးကွန်းရှပ်၊ ငါးရွေးကြီး၊ ငါးပျက် နှင့် ရေချိုပုဇွန်ထုပ်များ ဈေးငြိမ်နေကြောင်း သိရှိရသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး